လိုင်စင်ရတေးသီချင်းများကို Facebook Video တွေမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် Video ဖန်တီးသူရော သီချင်းဖန်တီးသူပါ ပိုက်ဆံပြန်ရတော့မှာဖြစ်ပါတယ်။
မူပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် Right Manager ကို အသုံးပြုသွားရမည်ဖြစ်ပြီး ဤလုပ်ဆောင်ချက်ကြောင့် ဂီတနယ်ပယ်နှင့် အခြားဆက်နွယ်သောနယ်ပယ်အကုန်လုံးရှိ Creator တွေ အကျိုးခံစားခွင့် တိုးတက်လာဖို့ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။
ဘယ်လိုအလုပ်လုပ်သလဲ
ဒီ Feature ကို အသုံးပြုနိုင်ဖို့အတွက် Creator ဖန်တီးလိုက်တဲ့ Content တွေဟာ In-Steam ads အရည်အသွေးများနှင့် ကိုက်ညီနေရမှာ ဖြစ်သလို Monetization အတွင်းရှိ တေးသီချင်းများထည့်သွင်းဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကိုပါ လိုက်နာဆောင်ရွက်ထားရမှာဖြစ်ပါတယ်။
အရည်အသွေးပြည့်မှီသော Video တပုဒ်အတွင်း တေးသီချင်းများ ထည့်သွင်းဖော်ပြခြင်းအတွက် Video ဖန်တီးသူက 20% ရှိမည်ဖြစ်ပြီး ကျန်တာကို သီချင်းဖန်တီးသူနှင့် Facebook တို့က အချိုးကျ မျှယူသွားကြမှာဖြစ်ပါတယ်။
ပါဝင်သော Content များသည် Facebook's Monetization Policies, Community Standards နှင့် Music Guidelines များနှင့် ကိုက်ညီနေရမည်ဖြစ်ပါသည်။Video တခုသည် အနည်းဆုံး စက္ကန့် ၆၀ ရှိရမည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်သော လှုပ်ရှာမှုပုံရိပ်များ ပါဝင်နေရမည်။
July 25, 2022 မှစ၍ တကမ္ဘာလုံးအတိုင်းအတာဖြင့် အသုံးပြုနိုင်ပါပြီ။

Post a Comment