ယနေ့ခေတ်မှာ
Facebook မသုံးတဲ့သူ
မရှိသလောက်ရှားသွားခဲ့ပါပြီ။ ဖုန်းတစ်လုံးကိုင်နိုင်ရင် Facebook အကောင့်တစ်ခုတော့ ဖွင့်ပြီး နေ့စဥ်နဲ့အမျှ Facebook ပေါ်မှာ
အချိန်ကုန်နေတဲ့သူ အများကြီးပါ။ အဲ့လိုနေရာမျိုးမှာ Page ထောင်လိုက်ရင်
ဘာဖြစ်လာမှာလဲ။ လူစည်ကားတဲ့နေရာမှာ ဈေးဆိုင်တစ်ခုဖွင့်လိုက်သလိုပါပဲ။ Facebook
Page ဟာလည်း အင်တာနက်ပေါ်က ဆိုင်လေးတစ်ခုလို့
သတ်မှတ်လိုက်လို့ရပါတယ်။
Page တခုထောင်ခြင်းက ဘယ်လိုအကျိုးရှိမလဲ
- သင့်လုပ်ငန်းကို
ရှာဖွေရလွယ်ကူစေပါတယ်။
- သင်ဘာတွေ
ဝန်ဆောင်မှုပေးနိုင်သလဲ လူပိုသိလာပါမယ်။
- ပစ္စည်းအသစ်တခုရောင်းရင်ဖြစ်ဖြစ်၊
ဝန်ဆောင်မှုအသစ်တခုပေးရင်ဖြစ်ဖြစ် ချက်ချင်းလူသိစေပါတယ်။
- သင့်ဖောက်သည်တွေနဲ့ အချိန်မရွေး ဆက်သွယ်စကားပြောနိုင်ပါတယ်။
နောက်တဆင့်မြင့်သွားရင်တော့ Page ကနေတဆင့် ကြော်ငြာတွေပါတင်လို့ရမှာပါ။ Facebook ပေါ်မှာ ကြော်ငြာခြင်းအားဖြင့် ကုန်ကျစရိတ်နည်းနည်းဖြင့် လူအများကြီးပိုသိစေမှာပဲဖြစ်ပါတယ်။ ဖောက်သည်အသစ်တွေ တိုးလာနိုင်သလို ကိုယ့်လုပ်ငန်းအပေါ်လည်း ယုံကြည်မှုတွေတိုးလာစေပါတယ်။
Facebook
Page တစ်ခုရဲ့ အဓိက အားသာချက် (၃)ခု
- နယ်ပယ်တစ်ခု
ကျယ်ပြန့်လာမယ်
ရပ်ကွက်ထဲမှာ ဆိုင်ဖွင့်ထားရင် ရပ်ကွက်ထဲကသူတွေလောက်ပဲ ရောင်းလို့ရမယ်။ Facebook ပေါ်မှာ Page ထောင်ထားရင်တော့ တစ်နိုင်ငံလုံးကိုရောင်းလို့ရတယ်။ ထပ်ချဲ့ရင် တစ်ကမ္ဘာလုံးကိုပါ ကိုယ့်ပစ္စည်းတွေ တင်ပို့သွားလို့ရတယ်။ ဒီအတွက်လည်း Facebook Page မှာ အခကြေးငွေပေးစရာမလိုတဲ့ Feature တွေ အများကြီးထည့်ပေးထားတယ်။ အပြင်မှာ ဆိုင်ဖွင့်တာကမှ ဆိုင်ခန်းခ၊ မီးဖိုး၊ ရေဖိုး၊ ဝန်ထမ်းစရိတ်ဘာညာ အများကြီးရင်းနေရမယ်။
- Business Tools တွေသုံးမယ်။
အလကားရတဲ့ Features တွေသုံးရင်းက ကိုယ့်လုပ်ငန်းလေး လူသိလာပြီ၊ အတန်အသင့်လည်း ရောင်းနေရပြီဆို ထပ်ပြီချဲ့ချင်ရင်လည်း Facebook ကို ပိုက်ဆံပေးပြီး ရောင်းအားတက်လာအောင်၊ ထပ်ပြီးကျယ်ပြန့်သထက် ကျယ်ပြန့်လာအောင် ကိုယ်ဉာဏ်ရှိသလောက်၊ ကိုယ်လုပ်နိုင်သဘောက် ထပ်ချဲ့လို့ရတယ်။
- ဖောက်သည်တွေကို ခွဲခြမ်းစိတ်ဖြာလို့ရမယ်။
Facebook ကို
ပိုက်ဆံပေးပြီးပဲ ကြော်ငြာ ကြော်ငြာ၊ ဒီတိုင်းပဲ ရောင်းရောင်း ရောင်းပြီးသွားရင်
ဒီလကိုယ့်ဆီ လူဘယ်နှစ်ယောက်လာတယ်။ ဘယ်ကနေလာတယ်။ ဘယ်လိုလူတွေလဲ အစရှိတဲ့
ဖောက်သည်ရဲ့ အချက်အလက်တွေ ပြန်ကြည့်လို့ရတယ်။ ဒီအချက်အလက်တွေကို ကြည့်ပြီး
ရှေ့ဆက်ကိုယ်ဘာဆက်လုပ်မလဲ စဥ်းစားလို့ရတယ်။
Page နဲ့ Profile ရဲ့ ကွာခြားချက်
Facebook Page
Facebook
Page ဆိုတာ အင်တာပေါ်မှာရှိတဲ့ သင့်ရဲ့
ဈေးဆိုင်လေးတစ်ခုဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းလုပ်ဖို့၊ ဖောက်သည်တွေနဲ့
ဆက်သွယ်ဖို့ Features တွေ ပါဝင်ပါတယ်။
အားသာချက်
- အွန်လိုင်းပေါ်မှာ
ဈေးဆိုင်တည်လို့ရတယ်။
- ကိုယ့်ဖောက်သည်တွေအပြင်
ကိုယ့်လုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေနဲ့ပါ ဆက်သွယ်လို့ရတယ်။
- စီးပွားဖြစ်လုပ်ဆောင်ချက်တွေအပြင်
လုပ်ငန်းကျယ်ပြန့်လာဖို့ ကြော်ငြာတွေလည်း ထည့်သွင်းဖော်ပြလို့ရပါတယ်။
ဘယ်သူတွေသုံးသင့်လဲ
- စီးပွားရေးလုပ်ငန်းရှင်
- အဖွဲ့အစည်း
- ပရဟိတအသင်း
- နာမည်ကြီး Cele
Facebook Profile
Facebook
Profile ကတော့ ကိုယ်ဘယ်သူဖြစ်ကြောင်း၊
ကိုယ်နေ့စဥ်လုပ်တဲ့အရာတွေအကြောင်း ကိုယ့်အကောင့်ထဲမှာရှိတဲ့ သူငယ်ချင်း မိတ်ဆွေကို
ပြောပြလို့ရပါတယ်။
အားသာချက်
- နေ့စဥ်လုပ်ငန်းဆောင်တာတွေကို
ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူ မျှဝေခံစားနိုင်ပါတယ်။
- ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းတွေအကြောင်း၊
အဖွဲ့အစည်းတွေအကြောင်း နေ့စဥ်စောင့်ကြည့်လေ့လာလို့ရပါတယ်။
- Post တွေ
တင်လို့ရမယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်လို့ရမယ်။
