ကြော်ငြာမှာ ဒါတွေ ထည့်မရေးနဲ့

 




ပုဂ္ဂိုလ်ရေးနှင့်ဆိုင်သော လက္ခဏာများ


ကြော်ငြာတစ်ခုတွင် လူတစ်ယောက်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထည့်သွင်းဖော်ပြ၍မရပါ။ (လူတစ်ဦး၏ အမည်၊ လူမျိုး၊ လိင်စိတ်ခံယူမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု၊ ကျန်းမာရေးအခြေအနေ၊ ငွေကြေးအခြေအနေနှင့် အခြားအရာများပါဝင်သည်။) လူများ၏ အာရုံစိုက်မှုကို ရရှိရန် တစ်ဦးတစ်ယောက်၏ ချို့ယွင်းချက်များအား ထည့်သွင်းဖော်ပြ၍မရပါ။

ဥပမာ -

သင်ဟာ ခရစ်ယာန်တစ်ယောက်လား?

ဤစာကြောင်းမှာ လူတစ်ဦးတစ်ယောက်၏ ယုံကြည့်ကိုးကွယ်မှုနဲ့ ဆိုင်သောကြောင့် ထည့်သွင်းဖော်ပြလျှင် ထိုကြော်ငြာကို Facebook က ပယ်ချသွားမှာပါ။ အဲဒီ့အစား "ခရစ်ယာန်ကောင်မလေးများနှင့် တွေဆုံပါ " ဟု သုံးနှုန်းနိုင်သည်။

"ကျော်ကြီးအတွက် ဒီအင်္ကျီကို ဝယ်ပေးလိုက်ပါ" ဆိုလျှင်လက်မခံပါ။ လူပုဂ္ဂိုလ်တစ်ဦး၏ နာမည်ပါနေ၍ ဖြစ်သည်။

"အချစ်ဆုံးသူကို ဒီအင်္ကျီ ဝယ်ပေးလိုက်ပါ" ဟု ပြောင်းသုံးနိုင်သည်
ပုံစံမကျ ရိုင်းစိုင်းသော စကားလုံးများ
 

ကြမ်းတမ်းသော၊ ရိုင်းစိုင်းသော၊ မထီမဲ့မြင်ပြုသော၊ စော်ကားမော်ကားနိုင်သော စကားလုံးများအား အသုံးပြု၍မရပါ။ ကြော်ငြာပါစာကြောင်းများကို သတ်ပုံသတ်ညွှန်းမှန်ကန်စွာဖြင့် တည်ဆောက်ထားရမည်။ Facebook သင်္ကေတများ၊ နံပါတ်များနှင့် စကားလုံးများကို မှန်ကန်စွာ ထည့်သွင်းဖော်ပြရမည်။


လိမ်လည်ပြောဆိုမှုများ
ကြော်ငြာများတွင် မမှန်မကန်လိမ်လည်ခြင်း သို့မဟုတ် လှည့်စားထားသော စကားလုံးများ ထည့်ရေးလို့မရပါ။ အကြောင်းအရာနှင့် အချက်အလက်များကို မှန်ကန်ခိုင်လုံစွာ ဖော်ပြထားရမည်။
 

ဥပမာ - အရင်းအနှီးနည်းနည်းထည့်ဝင်ရုံဖြင့် အမြန်ဆုံးချမ်းသာနိုင်သည်။

 

Multi-level Marketing သို့မဟုတ် အလားတူစီးပွားရေးလုပ်ငန်းများ

 

ကုန်ပစ္စည်း သို့မဟုတ် ဝင်ငွေ၊ ထွက်ငွေကို ပြည့်ပြည့်စုံစုံ၊ တိတိကျကျဖော်ပြထားခြင်းမရှိသော ကြော်ငြာများ

ကြော်ငြာတစ်ခုတွင် ရင်နှီးရမည့်ပမာဏ၊ ရရှိမည့်အကျိုးအမြတ်နှင့် အခွင့်အလမ်းများကို ပွင့်လင်းမြင်သာမှုရှိစွာ တိတိကျကျ ဖော်ပြပေးထားရမည်။

Previous Post Next Post