Facebook Ad Policies and Review Process

 




ဘယ်လိုအလုပ်လုပ်သလဲ

Campaign တစ်ခုတည်ဆောက်ပြီး ကြော်ငြာတစ်ခု တင်လိုက်လိုက်တဲ့အခါမှာ အရင်ဆုံး Facebook ကနေ တင်လိုက်တဲ့ ကြော်ငြာကို ပြန်လည်စစ်ဆေးသုံးသပ်ပါတယ်။ အဆိုပါလုပ်ငန်းစဥ်ဟာ များသောအားဖြင့် ၂၄ နာရီခန့် ကြာမြင့်တတ်ပြီး ကြော်ငြာကို Facebook ကအအတည်ပြုပြီး(approved) တဲ့အခါမှာ Noti ပို့ပေးပါတယ်။ Facebook ကနေ အတည်ပြုပြီးသော ကြော်ငြာတစ်ခု စတင်အသက်ဝင်ပြီဆိုတာနဲ့ ကြော်ငြာရဲ့ရလဒ်(Results) တွေကို Ads Manager ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မှတ်ချက် - အတည်ပြုပြီးသား ကြော်ငြာတစ်ခုဟာလည်း ပြန်လည်ပယ်ချခြင်းကို ခံရနိုင်ပါတယ်။ ဥပမာအားဖြင့် အတည်ပြုပြီးသား ကြော်ငြာတစ်ခုကို ကြည့်ရှုသူတွေဆီကနေ Negative Feedback တွေအများကြီး ပြန်လာမယ်၊ Spam သို့ Hide လုပ်ပစ်တဲ့သူများလာမယ်ဆိုရင် အဆိုပါကြော်ငြာကို Facebook ကနေ ပြန်လည်ပယ်ချလိုက်မှာဖြစ်ပါတယ်။

ကြော်ငြာ Aprroved မကျတဲ့အခါ

တင်လိုက်တဲ့ ကြော်ငြာတစ်ခု 
Approved ပြန်မကျလာတဲ့အခါမှာ အဆိုပါကြော်ငြာကို ပြန်လည်စစ်ဆေးပြီး Facebook ရဲ့  Advertising Policies နဲ့ ကိုက်ညီသည်အထိ ပြန်လည်ပြုပြင်ပေးရပါမယ်။

ဥပမာ - သင်ကြော်ငြာတင်တဲ့ 
Facebook Page သို့မဟုတ် Website တွေဟာ တည်ဆောက်ဆဲဖြစ်နေတယ်ဆို အခြား တည်ဆောက်ပြီးသား Facebook Page သို့ Website တွေကို ပြောင်းထည့်ပေးရပါမယ်။ ထိုကဲ့သို့ ပြန်လည်ပြင်ဆင်ပြီး ကြော်ငြာတင်လိုက်မယ်ဆိုရင် Facebook ကနေ Review ပြန်လုပ်အုံးမှာ ဖြစ်ပါတယ်။ အကယ်၍ တင်လိုက်တဲ့ကြော်ငြာကို Facebook က မှားယွင်းပြီး ပယ်ချလိုက်တယ်ထင်ရင် Facebook Ad Review Form 
မှာ ပြန်လည် လျှောက်ထားနိုင်ပါတယ်။ ယခုလို ဖောင်တင်ပြီး ပြန်လည်လျှောက်ထားတဲ့အခါမှာ သင်တင်ထားတဲ့ နောက်ဆုံးကြော်ငြာကို Default ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အဲ့တာကြောင့် ဟိုးအရင်က ကြော်ငြာတွေအတွက် ဖောင်ပြန်တင်မယ်ဆို အဆိုပါ Ad ID ကို ထည့်သွင်းဖော်ပြပေးဖို့ လိုအပ်ပါတယ်။

မှတ်ချက် - Boost your post နဲ့ တည်ဆောက်ထားတဲ့ ကြော်ငြာတစ်ခုကို ပြန်လည်ပြင်ဆင်လို့မရပါဘူး။ အကယ်၍ ကြော်ငြာထားပြီးသာ Post တစ်ခုကို ပြန်လည်ပြင်ဆင်ချင်တယ်ဆို အသစ်တစ်ခု ထပ်မံဖန်တီးရမှာဖြစ်ပါတယ်။

များသောအားဖြင့် အောက်ပါကျကြော်ငြာများအား 
Approved မလုပ်ပေးပါ။

  • Adult Content
  • မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း
  • အွန်လိုင်းလောင်းကစားများ
  • အန္တရယ်ရှိသော လက်နက်ခဲယမ်းများရောင်းဝယ်ဖောက်ကားခြင်း
  • ဆေးရွက်ကြီးဆေးလိပ်, အရက် များ
  • ဆေးဆိုင်ဆေးခန်း, ဆေးစပ်နည်းများ
  • ဖူးစာဖက်ရှာပေးသော Site
Previous Post Next Post