Crack Version တွေ မသုံးချင်လို့ ဝယ်သုံးမယ်ကြံတော့လည်း လစဥ်ကြေး၊ နှစ်စဥ်ကြေးတွေကြောင့် စိတ်ညစ်ခဲ့ရတဲ့ Microsoft Office ဟာဆိုရင် လာမယ့် Oct 5 ရက်နေ့မှာ တခါဝယ် တသက်သုံး Version ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အဆိုပါနေ့မှာပဲ Windows 11 လည်း ထွက်ရှိမှာပါ။
ယခင်ကာလများဆီမှာတော့ Microsoft ဟာ လစဥ်ကြေး၊ နှစ်စဥ်ကြေးဖြင့် ရောင်းချဖို့ကို အဓိကထားခဲ့ကြတာပါ။
Office 2021 ဟာ Version နှစ်မျိုး ထွက်ရှိမှာဖြစ်ပါတယ်။ ပထမတစ်မျိုးကတော့ စီးပွားရေးလုပ်ငန်းသုံးဖြစ်ပြီး Office LTSC (Long Term Servicing Channel) လို့ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ တစ်ကိုယ်ရည်သုံးအတွက်ဖြစ်ပါတယ်။ Dark Mode လိုမျိုး အသွင်အပြင်ပိုင်းအပြင် အခြားသော Features တွေနဲ့ Performance ပိုင်းကိုလည်း အများကြီး မြင့်တင်ပေးထားတယ်ပြောပါတယ်။
ကြေငြာထားတဲ့အထဲမှာတော့ ဈေးနှုန်းဘယ်လောက်ဆိုတာ ဖော်ပြထားခြင်းမရှိပေမယ့် Windows မှာကော Mac မှာပါ သုံးနိုင်မယ်လို့ဆိုပါတယ်။ 32-bit နဲ့ 64-bit နှစ်မျိုးစလုံးမှာ သုံးစွဲနိုင်မှာဖြစ်ပြီး Software ပိုင်းကို ငါးနှစ်အထိ support ပေးသွားမယ်လို့ သိရပါတယ်။
