CLTC ဆိုတာ ဘာလဲ
Electric Vehicles တွေရဲ့ Range တွေကို တိုင်းတာတဲ့နေရာမှာ နိုင်ငံအလိုက် Standard တွေကွာခြားမှုရှိပါတယ်။ ဥပမာ American မှာ EPA Ratings အသုံးများပြီး European နဲ့ Japan နိုင်ငံက EV ထုတ်လုပ်သူတွေကတော့ WLPT Standard နဲ့ ဖော်ပြလေ့ရှိပါတယ်။ CLTC ဆိုတာကတော့ China Light-Duty Vehicle Test Cycle ကို ဆိုလိုတာဖြစ်ပြီး တရုတ်နိုင်ငံက EV ထုတ်လုပ်သူတွေ အဓိက အသုံးများကြပါတယ်။
CLTC Standard မှာ Slow, Medium, Fast Driving ဆိုပြီး အဆင့်သုံးဆင့် စမ်းသပ်ကြရပါတယ်။ စမ်းသပ်မှု စတင်ဖို့ဆိုရင် ဘက်ထရီကို အားအပြည့်သွင်းပြီး တညလုံး ရပ်ထားလိုက်ပါတယ်။ နောက်တနေ့ရောက်မှ ဘက်ထရီလုံးဝကုန်သွားသည်အထိ (သို့) ကားအရှိန်ကို 40km/h ရောက်အောင် မတင်နိုင်တော့တဲ့အထိမောင်နှင်ပြီးမှ ကားရောက်ရှိတဲ့အကွာအဝေးကို CLTC အဖြစ် သတ်မှတ်ကြပါတယ်။
Post a Comment